ကျွန်တော်တို့ ဂါထာတွေရွတ်တဲ့အခါ အရှေ့ကဥုံခံပြီး ရွတ်ကြတာ တွေ့ဖူးကြမယ်ထင်ပါတယ်။တစ်ချို့ဆို ဥုံမပါ ဂါထာမဖြစ်ဆိုပြီးတောင် ပြောဆိုနေကြတာ ကြားဖူးပါတယ်။အဲဒီ့ "ဥုံ" ဆိုတာ ဘာလဲ။သူ့ရဲ့အဓိပ္ပါယ်ကကော ဘာလဲ။
ဥုံဆိုတာ ဘာလဲ။
တကယ်တော့ ဥုံ ဆိုတဲ့စကားလုံးဟာ ကျွန်တော်တို့ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ဥုံ ခံထားတဲ့ဂါထာတွေဟာလည်း ဗြဟ္မဏဝါဒလောင်းရိပ်မကင်းတဲ့ အပယ်ခံဗုဒ္ဓဘာသာဝင်တစ်ချို့ရဲ့ လောကီအစီအရင်ဆိုင်ရာ ဂါထာမန္တန်တွေဖြစ်ပါတယ်။ဥုံ ဆိုတာဟာ ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာတွေနဲ့ လားလားမှမသက်ဆိုင်ဘဲ ဟိန္ဒူဗြဟ္မဏဘာသာဝင်တို့ရဲ့ ဝေဒလေးပုံက ထွက်လာတဲ့ အက္ခရာစကားလုံးသက်သက်သာ ဖြစ်ပါတယ်။ဟိန္ဒူဗြဟ္မဏဘာသာဝင်တွေအတွက်ကတော့ ဥုံဟာ တကယ့်ကို အလေးအမြတ်ထားရာ အထွတ်အထိပ် အက္ခရာတစ်ခုပါပဲ။
တစ်ချို့သော စာစောင်တွေမှာ ဥုံ ဆိုတာ ကမ္ဘာဦးနတ်မင်းကြီးသုံးပါးကို ရှိခိုးတဲ့အက္ခရာဖြစ်ကြောင်း၊ဒါကြောင့် အလွန်မြင့်မြတ်တဲ့ အကျိုးထူးကို ခံစားရရှိနိုင်ကြောင်း၊ အမွှမ်းတင် ဖော်ပြထားတာ ဖတ်ရပါတယ်။အဲဒီ့နတ်မင်းကြီးသုံးပါးကတော့ မဟာဗြဟ္မာ၊ဗိဿနိုးနဲ့ ပရမေသွာ တို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓမြတ်စွာရဲ့တရားတော်အရဆိုရင် လောကမှာ အဲဒီ့နတ်မင်းကြီးသုံးပါးဆိုတာ မရှိတဲ့အပြင် ဒီအယူအဆကို လုံးဝပစ်ပယ်သင့်ကြောင်း အကြိမ်ကြိမ် ဟောကြားခဲ့ဖူးပါတယ်။
ဘာကြောင့် ဒီအယူအဆကို ပစ်ပယ်သင့်ရတာလဲ။
ဘာသာအယူဝါဒတော်တော်များများမှာ ရတနာမြတ်သုံးပါး အယူအဆတွေ ရှိကြပါတယ်။ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာဆိုရင် ဘုရား၊တရား၊သံဃာ ဆိုတဲ့ ရတနာမြတ်သုံးပါးပေါ့ဗျာ။ဟိန္ဒူဘာသာမှာဆိုရင် ခုနက နတ်မင်းကြီးသုံးပါးဟာ သူတို့ရဲ့ ရတနာမြတ်သုံးပါးပါ။ခရစ်ယာန်ဘာသာမှာဆိုရင် အဖဘုရားသခင်၊သားတော်သခင်ယေရှု နဲ့ သန့်ရှင်းတဲ့ဝိညာဉ်တော်တို့ဟာ ခရစ်ယာန်တွေရဲ့ ရတနာမြတ်သုံးပါးပဲ ဖြစ်ပါတယ်။
ရတနာမြတ်သုံးပါးချင်း တူပေမယ့် ဗုဒ္ဓဘာသာနဲ့ ကျန်တဲ့ဘာသာတွေရဲ့ အယူအဆကတော့ လုံးလုံးလျားလျား ကွဲပြားတာကိုတွေ့ရပါတယ်။ဟိန္ဒူဗြဟ္မဏဝါဒီတွေက မဟာဗြဟ္မာ၊ဗိဿနိုး၊သီဝ(ပရမေသွာ)တို့ သုံးပါးပေါင်းမှ အတ္တ (ဝါ)အတမန် လို့ခေါ်တဲ့ တစ်ဆူတည်းသော ထာဝရဘုရားလို့ ယုံကြည်ကြပါတယ်။ဟိန္ဒူဗြဟ္မဏဝါဒဟာ လောကမှာ ကိုယ့်ကိုယ်ကို အစဉ်အစိုးရပြီး ဘယ်တော့မှ မဖောက်မပြန် ထာဝရတည်မြဲနေတဲ့ အမာခံ အနှစ်သာရ (အတ္တ) ရှိတယ်လို့ယူဆတဲ့ အတ္တဝါဒ၊တစ်နည်းထပ်ပြောရရင် အဲဒီအတ္တကပဲ လောကကို ဖန်ဆင်းတဲ့ ထာဝရ ဘုရားသခင်ဖြစ်တယ်လို့ယုံကြည်တဲ့ ဣဿရဝါဒပဲဖြစ်ပါတယ်။
ဗုဒ္ဓဝါဒကတော့ လောကမှာ ကိုယ့်ကိုယ်ကို အစဉ်အစိုးရနေပြီးဘယ်တော့မှ မဖောက်မပြန် ထာဝရတည်မြဲနေတဲ့ အမာခံ အနှစ်သာရ(အတ္တ)ဆိုတာ မရှိဘူးလို့ အတ္တကို ငြင်းပယ်တဲ့ အနတ္တဝါဒပဲဖြစ်ပါတယ်။ဒါကြောင့် အတ္တဆိုတာ မရှိလို့ အနိဿရဝါဒ လို့ ဆိုနိုင်ပါတယ်။
ဥုံ ရဲ့အဓိပ္ပါယ်
ဟိန္ဒူဗြဟ္မဏတွေရဲ့ အယူအဆအရ လောကရဲ့ဖန်ဆင်းရှင်ဟာ ရဂျစ်(ရာဇဂုဏ်)၊ဆက်တွ(သတွဂုဏ်)၊တမတ်ခ်(တမဂုဏ်) ဆိုတဲ့ ဂုဏ်သတ္တိသုံးပါးနဲ့ ပြည့်စုံတဲ့ အတ္တကြီးပဲဖြစ်ပါတယ်။တစ်နည်းပြောရရင် ဖန်ဆင်းခြင်း၊ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ဖျက်ဆီးခြင်းဆိုတဲ့ အစွမ်းသတ္တိတွေနဲ့ ပြည့်စုံပြီး အစဉ်မဖောက်မပြန်တည်မြဲနေတဲ့ ထာဝရဘုရားသခင်ပဲဖြစ်ပါတယ်။အဲဒီဂုဏ်သတ္တိသုံးပါးထဲက တစ်ပါးစီဟာ အခုနက နတ်မင်းကြီးသုံးပါးကို ကိုယ်စားပြုပါတယ်။မဟာဗြဟ္မာက ရဇဂုဏ်ကို ကိုယ်စားပြုပြီး လောကကို ဖန်ဆင်းတယ်။ဗိဿနိုးက သတွဂုဏ်ကို ကိုယ်စားပြုပြီး လောကကို ထိန်းသိမ်းစောင့်ရှောက်တယ်။ပရမေသွာလို့ခေါ်တဲ့ သီဝကတော့ တမဂုဏ်ကို ကိုယ်စားပြုပြီး လောကကို ဖျက်ဆီးဖို့ တာဝန်ယူတယ်။နတ်မင်းကြီးသုံးပါးရယ်လို့ ကွဲပြားနေပေမယ့် တကယ်တော့ ဖန်ဆင်းရှင် ထာဝရဘုရားလို့ခေါ်ဆိုနိုင်တဲ့ မဟာအတ္တကြီးရဲ့ ဂုဏ်အင်္ဂါသုံးရပ်သာဖြစ်ပါတယ်။အဲဒီ မဟာအတ္တကြီးကိုပဲ ပရမအတ္တလို့ခေါ်ပါတယ်။မဟာအတ္တကြီးရဲ့ ဂုဏ်တော်သုံးပါးစလုံးကို တစ်ချိန်တည်းမှာ ရွတ်ဖတ်သရဇ္ဈယ် ပွားများပူဇော်မယ်ဆိုရင်တော့ အ-ဥ-မ ဆိုတဲ့ အက္ခရာသုံးလုံးထဲနဲ့ ပြီးပြည့်စုံနိုင်တယ်ဆိုပြီးတော့ ဟိန္ဒူတို့ရဲ့ ဥပနိသျှဒ်ကျမ်း တွေမှာ ဆိုထားပါတယ်။
အ-ဆိုတာ ဂုဏ်အင်္ဂါအားဖြင့် ရဇဂုဏ်၊အသွင်သဏ္ဍန်အားဖြင့် မဟာဗြဟ္မာကြီးရဲ့ အထိမ်းအမှတ်၊ဥ-ဆိုတာ ဂုဏ်အင်္ဂါအားဖြင့် သတွဂုဏ်၊အသွင်သဏ္ဍန်အားဖြင့် ဗိဿနိုးနတ်မင်းကြီးရဲ့ အထိမ်းအမှတ်၊မ-ဆိုတာ ဂုဏ်အင်္ဂါအားဖြင့် တမဂုဏ်၊အသွင်သဏ္ဍန်အားဖြင့် သီဝနတ်မင်းကြီးရဲ့ အထိမ်းအမှတ်ပဲ ဖြစ်ပါတယ်။ဥုံဆိုတာဟာ အ-ဥ-မ ကို တစ်ဆက်တစ်စပ်တည်း အသံထွက်ပြီး ဂုဏ်တော်သုံးပါးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရားသခင်(ခေါ်)မဟာအတ္တကြီးကို ရှိခိုးပူဇော်ပါသည်လို့ အဓိပ္ပါယ်ရပါတယ်။ဟိန္ဒူဗြဟ္မဏဝါဒီတွေအတွက်ကတော့ ဥုံကို ရွတ်ဖတ်ခြင်းဟာ ထာဝရဘုရားသခင်ဆီ သွားရာလမ်းလို့ဆိုရမှာဖြစ်ပါတယ်။
အနတ္တလက္ခဏသုတ်တော်ကို ဟောပြီးလောကမှာ အစဉ်မဖောက်မပြန်ဘဲ မိမိကိုယ်ကို အစိုးရနေတဲ့ အတ္တဆိုတာ မရှိပါဘူးလို့ မြွက်ကြားခဲ့တဲ့ ဗုဒ္ဓဒေသနာနဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ဥုံဆိုတာဟာ တစ်ကယ်တော့ အတ္တကို အာရုံပြု လက်ခံယုံကြည်သူတွေ ရွတ်ဆိုရမယ့် အက္ခရာပဲ ဖြစ်ပါတယ်။ဒါကြောင့် ဗုဒ္ဓဟောကြားခဲ့တဲ့ ဘယ်ဂါထာတော်မဆို ဥုံကို ထည့်ပြီး မရွတ်ဖတ်သင့်ပါဘူး။အရှေ့နဲ့ အနောက်လို ဆန့်ကျင်နေတဲ့ အယူအဆနှစ်ခုကို ပေါင်းစပ်လက်ခံပြီး ရွတ်ဖတ်မယ်ဆိုရင် အဓိပ္ပါယ်လည်း ရှိတော့မှာမဟုတ်ပါဘူး။
ဝင်းသိန်းဦး၏ ရှေးဘဝ နောက်ဘဝ ဗုဒ္ဓမဝေဖန်နှင့် ဓမ္မစာစုများ စာအုပ်မှ
အပြည့်အစုံဖတ်ရန်
Popular Posts
-
"အထွဋ်စိန်" ဟုခေါ်သည်၊ ရွှေတိဂုံစေတီတော်ရဲ့ အမြင့်ဆုံးနေရာပါ။ အရွယ်အစားကတော့ (၇၆) ကာရက်ရှိပါတယ်။ ရင်ပြင်တော်မှ အမြင့်ပေ (၃၂၆) ပေခန့်...
-
ကျွန်တော်တို့ ဂါထာတွေရွတ်တဲ့အခါ အရှေ့ကဥုံခံပြီး ရွတ်ကြတာ တွေ့ဖူးကြမယ်ထင်ပါတယ်။တစ်ချို့ဆို ဥုံမပါ ဂါထာမဖြစ်ဆိုပြီးတောင် ပြောဆိုနေကြတာ ကြားဖူး...
-
ဤအခန်းတွင်ပြဆိုထားသော သမထ၀ိပဿနာရူပွားနည်းအတိုင်း ကြိုးစားအားထုတ်ပါက အားထုတ်မူနှင့်လျော်ညီစွာ သက်ဆိုင်ရာတရားထူးများကို ရရှိခံစားရမည်ဖြစ်သည်။...
-
ဒီနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့ေ...
-
ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်ပါ။ ***ဒီမှာ ဒေါင်းပါ***
-
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်ြး...
-
'ရတနာမည်ပုံ' စိတ်နှလုံး မွေ့လျော် ရွှင်ပျော် နှစ်သက်ခြင်းကို ဖြစ်စေတတ်သော သက်ရှိ-သက်မဲ့ အရာဝတ္ထုဟူသမျှသည် ရတနာမည်၏။ စိန် ရွှေ ငေ...
-
(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။ လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။ (အိုင်စတိုင်းလ် - Albert Einstein) (၂) ဗုဒ္ဓသည် ဘာ...
-
မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်နေ့ ညသန်းခေါင်ယံအချိန်၌ ဓမ္မစကြာ တရားဒေသနာတော်ကို ဟောပြောမူပြီးဆုံးခဲ့သည်။ ထိုတရားပွဲကြီး၌...
-
တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထား...
credit

- ယခုဘလော့ခ်ကို ဗုဒ္ဓဘာသာပြန့်ပွားစေရန် ရည်ရွယ်၍ ကျွန်တော်တို့ ဖတ်မှတ်၊စုစည်း၊သိမ်းဆည်းထားသည်များကို အများသိရှိစေရန် ပြန်လည်ဖြန့်ဝေခြင်းသာလျှင် ဖြစ်ပါသည်။
- တစ်ချို့သော စာစုများမှာ မူရင်းရေးသားသူကို မမှတ်မိတော့ပါသဖြင့် credit မပေးနိုင်တော့သည့်အတွက်
မူရင်းရေးသားသူကို ဤနေရာမှ အနူးအညွတ်တောင်းပန်အပ်ပါသည်။ - အကယ်၍ စာဖတ်သူများမှ သိရှိပါကလည်း သက်ဆိုင်ရာပို့စ်အောက်တွင်လည်းကောင်း၊
thewordsofbuddha@gmail.com သို့လည်းကောင်း အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်။ - " ပို့စ်အသစ်တင်တိုင်း gmailကိုအကြောင်းကြားစေလိုပါက" အောက်တွင် မိမိတို့၏ gmail လိပ်စာကို ဖြည့်သွင်းထားပါက ပို့စ်အသစ်တင်တိုင်း မိမိတို့၏ gmail သို့ အကြောင်းကြားပေးပါသည်။