Popular Posts

credit

ဤဘလော့ခ်သည် ဗုဒ္ဓမြတ်စွာဘုရား၏မေတ္တာရိပ်အောက်တွင် တည်ရှိပါသဖြင့် ရောက်လာသူအားလုံး စိတ်နှလုံးချမ်းမြေ့ကြပါစေ....


  • ယခုဘလော့ခ်ကို ဗုဒ္ဓဘာသာပြန့်ပွားစေရန် ရည်ရွယ်၍ ကျွန်တော်တို့ ဖတ်မှတ်၊စုစည်း၊သိမ်းဆည်းထားသည်များကို အများသိရှိစေရန် ပြန်လည်ဖြန့်ဝေခြင်းသာလျှင် ဖြစ်ပါသည်။
  1. တစ်ချို့သော စာစုများမှာ မူရင်းရေးသားသူကို မမှတ်မိတော့ပါသဖြင့် credit မပေးနိုင်တော့သည့်အတွက်
    မူရင်းရေးသားသူကို ဤနေရာမှ အနူးအညွတ်တောင်းပန်အပ်ပါသည်။
  2. အကယ်၍ စာဖတ်သူများမှ သိရှိပါကလည်း သက်ဆိုင်ရာပို့စ်အောက်တွင်လည်းကောင်း၊
    thewordsofbuddha@gmail.com သို့လည်းကောင်း အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်။
  3. " ပို့စ်အသစ်တင်တိုင်း gmailကိုအကြောင်းကြားစေလိုပါက" အောက်တွင် မိမိတို့၏ gmail လိပ်စာကို ဖြည့်သွင်းထားပါက ပို့စ်အသစ်တင်တိုင်း မိမိတို့၏ gmail သို့ အကြောင်းကြားပေးပါသည်။

Saturday, May 11, 2013

ဗုဒ္ဓ၏ကမ္မဝါဒ (ကံဆိုသည်မှာ)

ကမ္မဟူသော ပုဒ်သည် အပြုအမူ၊ ပြုလုပ်ခြင်း 'အလုပ်' ဟူသော အနက်ဖြစ်သည်။ ဝေဒခေတ်အခါက ကမ္မဟူသည်မှာ ယဇ်ပူဇော်မှု ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ယဇ်ပူဇော်မှုကို သတ်မှတ်ထားသော နည်းလမ်းများအတိုင်း တိကျကောင်းမွန်စွာ ပြုလုပ်နိုင်လျှင်၊ ကောင်းကျိုးခံစားရသည်ဟု ဝေဒကျမ်းများကို အလေးထားစဉ်က ယူဆခဲ့ကြသည်။ ဝေဒခေတ်နောက်ပိုင်း အရညကကျမ်းများနှင့် ဥပနိသျှဒ်ကျမ်းများ ခေတ်စားလာသောအခါ ကိုယ်ကျင့်သီလကို "ကမ္မ" "ကံ" ဟု ယူဆလာကြသည်။ သို့ရာတွင် အတွေးအခေါ်အရ ကိုယ်ကျင့်သီလကို ကံအဖြစ်လက်ခံလာသော်လည်း ဗြဟ္မဏဝါဒ၌မူကား "ကမ္မ" သည် ယဇ်ပူဇော်မှုသာဖြစ်သည်ဟု ယူမှတ်ထားဆဲ ဖြစ်သည်။ ဗုဒ္ဓဘာသာအရ "ကမ္မ" "ကံ" ဆိုသည်မှာ သာမန်အပြုအမူသက်သက်မျှသာမဟုတ်ဘဲ စေတနာပါသည့် စေတနာ အခြေခံသည့် အပြုအမူဖြစ်သည်။
"စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ"
(ရဟန်းတို့ စေတနာကို ကံဟု ငါဘုရားဆိုလို၏)
အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊နိဗ္ဗေဓိကသုတ်။

အထက်ပါစကားအရ အသိနှင့် ယှဉ်၍ပြုသော စေတနာပါသော အပြုအမူကိုသာ ကံအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ စေတနာပါသော အပြုအမူဟုဆိုရာ၌ ကိုယ်၊ နှုတ်၊ စိတ်သုံးပါး၏ အပြုအမူအားလုံးအကျုံးဝင်သည်။ ထိုကံသုံးပါးလုံးတွင် စေတနာသည် အရင်းခံ ဖြစ်သည်။
စေတနာအရင်းခံသည့် အပြုအမူ၊ အသိနှင့် ယှဉ်သည့်ကံကို အပြစ်ကင်းသော ကောင်းသောကံ(ကုသလ)၊ အပြစ်မကင်းသော မကောင်းသောကံ (အကုသလ)၊ နှင့် အပြစ်ကင်းသည် မကင်းသည်ဟု မသတ်မှတ်နိုင်သော ကြားဖြစ်သောကံ(အဗျာကတ) ဟုသုံးမျိုးခွဲခြားနိုင်သည်။ အလောဘ၊ အဒေါသ၊ အမောဟ ကို အခြေခံသည့် စေတနာပါသောကံကို ကောင်းမှုကံဟု ခေါ်သည်။ လောဘ၊ ဒေါသ၊ မောဟ တို့ကို အခြခံသည့် စေတနာပါသောကံကို မ​ကောင်းမှုကံဟုခေါ်သည်။ အလောဘ၊ အဒေါသ၊ အမောဟ တို့ကို အခြေခံသည့် စေတနာလည်း မပါ။ လောဘ၊ ဒေါသ၊ မောဟ တို့ကို အခြေခံသည့် စေတနာလည်း မပါ။ ပြုကာမတ္တမျှသာဖြစ်သော ကံကို အဗျာကတ ဟု သတ်မှတ်သည်။
ကံသည် စေတနာအရင်းခံပါသော တွေးကြံ၊ ပြောဆို၊ ပြုမူမှုဖြစ်ပေရာ ထိုကဲ့သို့ လက်ရှိ အခြေအနေ၊ လက်ရှိဘဝက ပြုလုပ်သောကံနှင့် လွန်ခဲ့သော အချိန်အခါ လွန်ခဲ့သောဘဝက ပြုလုပ်ခဲ့သော အတိတ်ကံဟု နှစ်မျိုးပိုင်းခြားနိုင်သည်။ ကံဟု သာမန်ပြောဆိုလျှင် ပစ္စုပ္ပန်ကံ အတိတ်ကံ နှစ်မျိုးစလုံး အကျုံးဝင်နိုင်သည်။ ထိုနှစ်မျိုးစလုံးသည် မျက်မှောက်ဘဝ၊ လက်ငင်းအခြေအနေ၌ အကျိုးပေးနိုင်သည်။ ဗုဒ္ဓဘာသာ အယူအဆအရ ထိုနှစ်မျိုးအနက် ပစ္စုပ္ပန်ကံကိုသာ အလေးအနက်ထားရမည်ဖြစ်သည်။
အတိတ်ကံသည် ပြုပြင်၍လည်း မရနိုင်။ မျက်မှောက်လူသားတို့စွမ်းဆောင်ကြိုးစားမှုနှင့် တိုက်ရိုက်မဆိုင်။ ပစ္စုပ္ပန်ကံသာလျှင် မျက်မှောက်လူသားတို့ စွမ်းဆောင်ကြိုးစားမှုနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ဗုဒ္ဓသည် ပစ္စုပ္ပန်ကံကိုသာ အလေးအနက်ထားခဲ့သည်။ အင်္ဂုတ္တရနိက္ကာယ်၊ တိကနိပါတ်၊ တိတ္ထာယတနသုတ်၌ ပါရှိသော အောက်ပါစကားဖြင့် ပစ္စုပ္ပန်ကံအပေါ် ဗုဒ္ဓအလေးအနက်ထားမှုကို ထင်ရှားစေနိုင်ပါသည်။ ဗုဒ္ဓက အောက်ပါကဲ့သို့ မိန့်တော်မူခဲ့သည်။
"ရဟန်းတို့...အကိရိယဒိဌိသုံးမျိုးရှိသည်။ သုံးမျိုးဆိုသည်မှာ ချမ်းသာမှု၊ ဆင်းရဲမှုအားလုံးသည် ရှေးကပြုခဲ့ဖူးသော အကြောင်းကြောင့်သာလျှင် ဖြစ်၏ဟူသော အယူ(ပုဗ္ဗေကတဟေတုဒိဌိ) တစ်ပါး။ ချမ်းသာမှု ဆင်းရဲမှုအားလုံးသည် လောကကို အစိုးရသော ဗြဟ္မာ(ထာဝရဘုရား) က ဖန်ဆင်းမှုကြောင့် ဖြစ်၏ဟု ယူဆသောအယူ (ဣဿရနိမ္မာနိကဒိဌိ) တစ်ပါး။ ချမ်းသာမှု ဆင်းရဲမှု အားလုံးသည် အကြောင်းရင်မရှိဘဲ အလိုအလျောက် ဖြစ်ပေါ်၏ဟု ယူသောအယူ (အဟေတုကဒိဌိ) တစ်ပါး။ဤသုံးပါးတို့ ဖြစ်ကြသည်။ဤအယူသုံးပါး မှန်ကန်သည်ဆိုပါက လူတို့အဖို့ ပြုဖွယ်ကိစ္စ တစ်စုံတစ်ရာရှိတော့မည်မဟုတ်။အလိုရှိအပ်သော ဆန္ဒ၊ စွမ်းအင်၊ လုံ့လဟူ၍လည်း ဖြစ်ပေါ်တော့မည် မဟုတ်။ သူတော်သူမြတ်သမဏတို့၏ အယူဝါဒသည်လည်း ဖြစ်ပေါ်လာတော့မည်မဟုတ်ချေ။"
အပြည့်အစုံဖတ်ရန်

Friday, May 3, 2013

ဗုဒ္ဓဝင်အကျဉ်းချုပ်ကဗျာ

ငယ်ငယ်က ယဉ်ကျေးမှုသင်တန်းတက်တုန်းက ရွတ်ခဲ့ကြတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။မမှတ်မိတဲ့လူတွေလည်း ပြန်အမှတ်ရအောင် ဗုဒ္ဓကမ္ဘာမှာတွေ့လို့ ပြန်မျှဝေပေးလိုက်ပါတယ်။

ကြာသပတေးနေ့ ။ ။
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဋ္ဌာ၊
နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊
ရတုနဂို၊ ရွှန်းရွှန်းဆိုသည်၊
ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ 
ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ 
နတ်လူငြိမ်းဘို့ ကိန်းပါကို။

သောကြာနေ့ ။ ။ 

သန္ဓေယူကာ၊ ဆယ်လကြာသော်၊ 
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ 
ချမ်းမြေ့စုံစီ၊ လုမ္ဓိနီ၌၊ 
မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ 
နတ်လူအောင်ဖို့၊ လမ်းပါကို။

တနင်္လာနေ့ ။ ။ 

ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ 
သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊
ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊

လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ၊ 
ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ 
ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ 
စုံမြိုင်ပင်ရိပ် ခမ်းမှာကို။

ဗုဒ္ဓဟူးနေ့ ။ ။

တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍ ခါတော်တပုံ၊ ပွင့်ချိန်ကြုံက၊ 
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊
မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ 
မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ 
ရန်မြူခပင်း၊ အမိုက်သင်းကို၊ 
အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ 
ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ 
သုံးဖော်လူတို့ ငြိမ်းပါကို။

စနေနေ့ ။ ။ 

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ 
ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ 
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ 
ဝါဆိုလပြည့်၊ စနေနေ့တွင်၊
ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ 
မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ 
တရားနတ်စည် ရွမ်းတယ်ကို။

အင်္ဂါနေ့ ။ ။ 

တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ 
သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ 
ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊
ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးကာ၊ 
ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ 
စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ 
သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ 
ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ 
ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ 
ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊
ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။


တနင်္ဂနွေနေ့ ။ ။ 

နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ 
ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ 
ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ 
ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ 
လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊
မွေတော်ရှစ်စိတ်၊ ကြွင်းတယ်ကို။

ဆုတောင်း ။ ။ 

ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊
ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ 
သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊ 
ကိုယ်တော်ဖျားကို၊ သုံးပါးမှန်စွာ၊ ၀န္ဒနာနှင့်၊ 
သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။
credit to buddhismworld.ning.com
အပြည့်အစုံဖတ်ရန်