ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် ကိုးကွယ်ခြင်းနဲ့ပတ်သတ်၍ ပို့စ်တွင် သိချင်တာများ ဆက်လက်မေးလာတာကို အားလုံးသိရအောင် ထပ်မံဖြေရှင်းပေးလိုက်ပါတယ်။
မေး။ ။ တပည့်တော် အမေက အဲဒါတွေကို ဘုရားစင်ပေါ်တင်ထားပါတယ်ဘုရား။ တပည့်တော်က ဘုရားရှိခိုးတဲ့အခါ သူတို့က ဘုရားစင်ပေါ်ရောက်နေတယ်ဆိုတော့ သူတို့ကိုပါ ရှိခိုးသလို ပုံစံပေါက်နေပါတယ် ဦးဇင်းဘုရား။ တပည့်တော်စိတ်ထဲမှာတော့ အဲလို ရှိခိုးချင်စိတ် အရှင်းမရှိပဲ မြတ်စွာဘုရားနဲ့ တရားတော် သံဃာတော် ရတနာသုံးပါးကိုသာ ဦးထိပ်ထား ရှိခိုးတာပူဇော်တာပါဘုရား။ ထို့ ကြောင့် အဲလို သူတို့ကို ဘုရားစင်ပေါ်တင်ထားတာဟာ အပြစ်ဖြစ်စေပါသလား။
နောက်တစ်ခါ တပည့်တော်က ပဌာန်းကျမ်း (ကျမ်းစာအုပ် ၅အုပ်) ကို ရွတ်ဖတ်ပူဇော်ပါတယ် ဦးဇင်း။ တပည့်တော်က ရွတ်ဖတ်ပူဇော်ပြီးတဲ့အခါ စာအုပ်ကို ဘုရားစင်ပေါ်တင်ထားခဲ့ပါတယ်။ ဘုရားစင်ပေါ်မှာ ခုနကပြောသလို ဘိုးဘိုးအောင်တို့ ဘာညာသာတကာတွေက ရှိနေတော့ တပည့်တော် ပဌာန်းကျမ်းစာအုပ်များနဲ့ တန်းတူဖြစ်နေခြင်းဟာလည်း မသင့်တော်ဟု တပည့်တော်ယူဆပါသည်။ ထို့ ကြောင့် မည်သို့ ပြုလုပ်သင့်သည်ကို စေတနာရှေ့ထား ရှင်းပြပေးတော်မူပါ ဦးဇင်းဘုရား။
ဖြေ။ ။ ဘယ်ရာမဆို သူ့အဆင့်တန်းနဲ့သူ၊ သူ့နေရာသူ နေရာထားပေးကြတာ လက်တွေ့မျက်မှောက်လောကမှာလည်း တွေ့မြင်ကြမယ် ထင်ပါတယ်။ အဆင့်တန်းကြီးတဲ့သူကို အဆင့်တန်းငယ်တဲ့နေရာမှာ မထားသလို အဆင့်တန်းငယ်တဲ့လူကလည်း အဆင့်တန်းကြီးတဲ့သူရဲ့နေရာကို မထိုင်ရဲကြပါဘူး။
အဲဒီလိုပဲ လောကမှာအမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးနဲ့မည်သည့်ပုဂ္ဂိုလ်၊ အရာပစ္စည်းမဆို မထားသင့်ဘူးဆိုတာ သဘောပေါက်နားလည်သင့်ပါတယ်။ မြတ်ဗုဒ္ဓသီတင်းသုံးတဲ့ ဘုရားခန်းမှာ၊ တရားစာအုပ်၊ သံဃာတော်များဓာတ်ပုံ ဒါတွေကတော့ ရတနာသုံးပါးဝင်တွေမို့ အတူတကွ ထားလို့ရပါတယ်။
ကျန်တဲ့ပုဂ္ဂိုလ်များကိုတော့ အတူတကွ မထားသင့်ပါ။ မိမိတို့က ယုံကြည်မှုရှိလို့ ကိုးကွယ်ချင်တယ်၊ ပူဇော်ချင်တယ်ဆိုရင်တော့ တခြားတစ်နေရာမှာ ထားစေချင်ပါတယ်။ မည်လောက်ပင် အစွမ်းတွေရှိနေပါစေ ရတနာသုံးပါးထက်တော့ မသာလွန်နိုင်ဘူးဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဆို သိနားလည်လိမ့်မယ် ထင်ပါတယ်။
မိမိတို့က ရတနာသုံးပါးနဲ့အတူတကွထားမယ်၊ ယုံကြည်ကိုးကွယ်နေမယ်ဆိုရင် ဦးဇင်းရှင်းပြခဲ့တဲ့ ကျမ်းဂန်များအလို အရ ထေရ၀ါဒဗုဒ္ဓဘာသာ ဖြစ်ပါဦးမလားဆိုတာ စဉ်းစားကြည့်ကြပေါ့လေ။
ဦးဇင်းအနေနဲ့ကတော့ မည်သူ့ကိုမျှ မကိုးကွယ်နဲ့၊ မယုံကြည်နဲ့လို့ မပြောလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့ရဲ့ မြတ်ဗုဒ္ဓကိုယ်တိုင်က အဲဒီလို မပြောဆိုခဲ့သလို ၀ိဘဇ္ဇ၀ါဒ-ကိုယ်တိုင် ခွဲခြားဝေဖန် လေ့လာစဉ်းစားပြီးမှ ကိုးကွယ်ယုံကြည်ပါလို့ မိန့်တော်မူခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ပိုမိုပြုလုပ်ရမဲ့အရာနဲ့ သဘောလောက်လုပ်ရမဲ့အရာ (အဓိကနဲ့သာမည)ကိုတော့ ခွဲခြားသိစေချင်လို့ ခုလို ပြောဆိုရေးသားပေးနေတာပါ။ ဦးဇင်းသဘောအရတော့ ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်ဖို့နဲ့ ရတနာသုံးပါးရဲ့ အဆုံးမတွေကို လိုက်နာကျင့်သုံးဖို့တောင် အကုန်မလုပ်နိုင်သေးသလို လိုက်နာကျင့်သုံးဖို့ အချိန်မလောက်၊ ပြည့်စုံအောင် မလုပ်နိုင်သေးတာကြောင့် ကျန်တဲ့အရာများ ကိုးကွယ်ဖို့၊ လိုက်နာကျင့်သုံးဖို့ဆိုတာ အချိန်မပေးနိုင်ပါ။
ဒါကြောင့် သဗ္ဗေသတ္တာ ကမ္မသကာ၊ အတ္တာဟိ အတ္တနော နာထောဆိုတာလို မိမိကံကို မိမိတို့ပြုလုပ်တဲ့အတိုင်း ခံစားရမှာဖြစ်သလို မိမိကိုယ့်ကို ကိုးကွယ်ရာမို့ မိမိကိုယ်တိုင်က အဓိကနဲ့သာမညမှာ ဘယ်ဟာကို ဦးစားပေး လုပ်ဆောင်သင့်သလဲ၊ ဘယ်ဟာနဲ့ မိမိဘ၀ အချိန်တွေကို ကုန်လွန်စေမလဲဆိုတာ စဉ်းစားကြပေါ့လေ။
မူရင်းပို့စ်
Popular Posts
-
"အထွဋ်စိန်" ဟုခေါ်သည်၊ ရွှေတိဂုံစေတီတော်ရဲ့ အမြင့်ဆုံးနေရာပါ။ အရွယ်အစားကတော့ (၇၆) ကာရက်ရှိပါတယ်။ ရင်ပြင်တော်မှ အမြင့်ပေ (၃၂၆) ပေခန့်...
-
ကျွန်တော်တို့ ဂါထာတွေရွတ်တဲ့အခါ အရှေ့ကဥုံခံပြီး ရွတ်ကြတာ တွေ့ဖူးကြမယ်ထင်ပါတယ်။တစ်ချို့ဆို ဥုံမပါ ဂါထာမဖြစ်ဆိုပြီးတောင် ပြောဆိုနေကြတာ ကြားဖူး...
-
ဤအခန်းတွင်ပြဆိုထားသော သမထ၀ိပဿနာရူပွားနည်းအတိုင်း ကြိုးစားအားထုတ်ပါက အားထုတ်မူနှင့်လျော်ညီစွာ သက်ဆိုင်ရာတရားထူးများကို ရရှိခံစားရမည်ဖြစ်သည်။...
-
ဒီနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့ေ...
-
မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်နေ့ ညသန်းခေါင်ယံအချိန်၌ ဓမ္မစကြာ တရားဒေသနာတော်ကို ဟောပြောမူပြီးဆုံးခဲ့သည်။ ထိုတရားပွဲကြီး၌...
-
ကမ္မဟူသော ပုဒ်သည် အပြုအမူ၊ ပြုလုပ်ခြင်း 'အလုပ်' ဟူသော အနက်ဖြစ်သည်။ ဝေဒခေတ်အခါက ကမ္မဟူသည်မှာ ယဇ်ပူဇော်မှု ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ယဇ္ပူေ...
-
တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထား...
-
အခုတစ်လော ရေပန်းစားနေတဲ့စကားလုံးကတော့ ၉၆၉ ဆိုတဲ့ ဂဏန်းသုံးလုံးပါ။ဒါကြောင့် ၉၆၉ အကြောင်းကို ဗုဒ္ဓဘာသာဝင်တွေ သိရှိစေဖို့ ရှာပြီးတင်ပေးလိုက်ပါတယ...
-
(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။ လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။ (အိုင်စတိုင်းလ် - Albert Einstein) (၂) ဗုဒ္ဓသည် ဘာ...
-
'ရတနာမည်ပုံ' စိတ်နှလုံး မွေ့လျော် ရွှင်ပျော် နှစ်သက်ခြင်းကို ဖြစ်စေတတ်သော သက်ရှိ-သက်မဲ့ အရာဝတ္ထုဟူသမျှသည် ရတနာမည်၏။ စိန် ရွှေ ငေ...
credit

- ယခုဘလော့ခ်ကို ဗုဒ္ဓဘာသာပြန့်ပွားစေရန် ရည်ရွယ်၍ ကျွန်တော်တို့ ဖတ်မှတ်၊စုစည်း၊သိမ်းဆည်းထားသည်များကို အများသိရှိစေရန် ပြန်လည်ဖြန့်ဝေခြင်းသာလျှင် ဖြစ်ပါသည်။
- တစ်ချို့သော စာစုများမှာ မူရင်းရေးသားသူကို မမှတ်မိတော့ပါသဖြင့် credit မပေးနိုင်တော့သည့်အတွက်
မူရင်းရေးသားသူကို ဤနေရာမှ အနူးအညွတ်တောင်းပန်အပ်ပါသည်။ - အကယ်၍ စာဖတ်သူများမှ သိရှိပါကလည်း သက်ဆိုင်ရာပို့စ်အောက်တွင်လည်းကောင်း၊
thewordsofbuddha@gmail.com သို့လည်းကောင်း အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်။ - " ပို့စ်အသစ်တင်တိုင်း gmailကိုအကြောင်းကြားစေလိုပါက" အောက်တွင် မိမိတို့၏ gmail လိပ်စာကို ဖြည့်သွင်းထားပါက ပို့စ်အသစ်တင်တိုင်း မိမိတို့၏ gmail သို့ အကြောင်းကြားပေးပါသည်။
Saturday, October 13, 2012
ဘိုးဘိုးအောင်ကိုးကွယ်ခြင်းနဲ့ပတ်သတ်၍(ဆန်နီနေမင်း)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment