ဒကာ။ ။ဗုဒ္ဓဘာသာဝင်တိုင်း အနတ္တ အနတ္တနဲ့ ပါးစပ်က ပြောကြတယ်။အနတ္တဆိုတာ ဘယ်ဟာတွေလဲ။ဘာကြောင့် ဘာဖြစ်လို့ အနတ္တ ခေါ်တာလဲ။တိုတိုနဲ့ နားလည်အောင် ရှင်းပြပေးပါဦးဆရာတော်။
(ပန်းမောင်-သုဓမ္မဝတီ)
ဆရာ။ ။သဗ္ဗေ ဓမ္မာ အနတ္တာ-တဲ့။ဘယ်ဟာမဆို ဘာမဆို ရှိသမျှဟာ အနတ္တချည်းပဲ။ကုန်အောင်စုံ တရားဓမ္မတွေဟာ အနတ္တတွေသာဖြစ်တယ်လို့ မှတ်ရမယ်။
၁။အ သာရကတ္တေန အနတ္တာ။ ။အနှစ်သာရ အခိုင်အမာ အားထားမှီခိုစရာ တစ်တိုတစ်စမျှမရှိသောကြောင့် မရှိလို့ အနတ္တ ခေါ်တယ်။
၂။အ ဝသဝတ္တနတော အနတ္တော။ ။ငါလည်း မဟုတ်၊ ငါ့ဥစ္စာလည်း မရှိ၊ငါ့အလိုမလိုက်၊ငါ့အကြိုက်မပါ၊ငါလိုရာမပြီး အချည်းနှီး အပျက်သဘောကိုသာဆောင်နေသောကြောင့်၊ အနတ္တခေါ်တယ်။
၃။အ နိဿရေန အနတ္တာ။ ။စိုးရပိုင်ဆိုင် ကိုယ်ပိုင်ဆိုတာ ဘာတစ်ခုမျှ မရှိသောကြောင့်၊ မရှိလို့ အနတ္တခေါ်တယ်။
၎။ယံ ဒုက္ခံ တံ အနတ္တော။ ။ဆင်းရဲဒုက္ခ အစု အစုသဘောတွေမှန်သမျှ အားလုံးကုန်အနတ္တချည်းပဲ။အနတ္တလို့ခေါ်တယ်မှတ်။
အဲဒါ အတိုဆုံး အသိရလွယ်နိုင်ဆုံးအဖြေပဲ၊သဘောပေါက်ကြပါ။မြတ်ဘုရားကိုခံတိုက်တဲ့အထဲမှာ အနတ္တမကြိုက်တဲ့သူတွေဟာ အများဆုံးပဲ။နေရာတကာ အတ္တချည်းယူနေကြတာ ဒကာကြီးတို့ရဲ့။
နိဗ္ဗာန်ဟာ နိစ္စ သုခရှိနေတဲ့ အတ္တလော
ဒကာ။ ။သည်လိုဆို အနှစ်သာရ အခိုင်အမာ နိစ္စ သုခသဘောကိုဆောင်ပြီး မပျက်မစီးဘဲ အမြဲတစေ ငြိမ်းအေးချမ်းသာနေတဲ့ နိဗ္ဗာန်တရားဟာ အတ္တမည်တာပေါ့ ဆရာတော်။ဘယ်လိုယူဆပါသလဲ။
ဆရာ။ ။နိဗ္ဗာန်တရားမြတ်ဟာ နိစ္စ-မြဲသော၊သုခ-ငြိမ်းအေးချမ်းသာတာတော့အမှန်ပဲ။ဒါပေမယ့် ဒကာကြီးတို့ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ပစ္စည်း အတ္တဟုတ်ကဲ့လား။သူ့ကို အစိုးတရ ရယူသုံးခံစားနိုင်သလား။
အကယ်၍ ငါ့ဥစ္စာ၊ငါ့ဟာပိုင် အစိုးတရအနေနဲ့ ဆွဲယူသုံးစွဲနိုင်တဲ့ အတ္တဖြစ်ရင် အခုပဲ နိဗ္ဗာန်ကိုထုတ်ယူပြီး သုံးစွဲခံစားပြစမ်းပါ ဒကာကြီးတို့။ဆရာတော် ကြည့်ချင်လို့ပါ။
နောအတ္တ-ငါမဟုတ်လို့၊နမေ သိယာ-ငါ့ဟာမဖြစ်တာပေါ့။ဒါကြောင့် သဗ္ဗေ ဓမ္မာ အနတ္တာ လို့ ဟောတာလို့မှတ်ရမယ်။
ဒကာ။ ။မှန်ပါ့။သဘောပေါက်ပါပြီ ဆရာတော်။
(အရှင်ဩဘာသာဘိဝံသ၏ သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်းမှ)
Popular Posts
-
"အထွဋ်စိန်" ဟုခေါ်သည်၊ ရွှေတိဂုံစေတီတော်ရဲ့ အမြင့်ဆုံးနေရာပါ။ အရွယ်အစားကတော့ (၇၆) ကာရက်ရှိပါတယ်။ ရင်ပြင်တော်မှ အမြင့်ပေ (၃၂၆) ပေခန့်...
-
ကျွန်တော်တို့ ဂါထာတွေရွတ်တဲ့အခါ အရှေ့ကဥုံခံပြီး ရွတ်ကြတာ တွေ့ဖူးကြမယ်ထင်ပါတယ်။တစ်ချို့ဆို ဥုံမပါ ဂါထာမဖြစ်ဆိုပြီးတောင် ပြောဆိုနေကြတာ ကြားဖူး...
-
ဒီနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့ေ...
-
ဤအခန်းတွင်ပြဆိုထားသော သမထ၀ိပဿနာရူပွားနည်းအတိုင်း ကြိုးစားအားထုတ်ပါက အားထုတ်မူနှင့်လျော်ညီစွာ သက်ဆိုင်ရာတရားထူးများကို ရရှိခံစားရမည်ဖြစ်သည်။...
-
တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထား...
-
ကမ္မဟူသော ပုဒ်သည် အပြုအမူ၊ ပြုလုပ်ခြင်း 'အလုပ်' ဟူသော အနက်ဖြစ်သည်။ ဝေဒခေတ်အခါက ကမ္မဟူသည်မှာ ယဇ်ပူဇော်မှု ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ယဇ္ပူေ...
-
အခုတစ်လော ရေပန်းစားနေတဲ့စကားလုံးကတော့ ၉၆၉ ဆိုတဲ့ ဂဏန်းသုံးလုံးပါ။ဒါကြောင့် ၉၆၉ အကြောင်းကို ဗုဒ္ဓဘာသာဝင်တွေ သိရှိစေဖို့ ရှာပြီးတင်ပေးလိုက်ပါတယ...
-
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ် နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့် ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ အရိယာ၏ ဖော်ည...
-
မမေ့မလျော့ရှိပြီး ပွားများရမည့် ကုသိုလ်တရား (၁၀)ပါး ရှိလေ၏။ ထိုကုသိုလ်တရား (၁၀)ပါးကို စာရိတ္တအကျင့်တရား-ဟုလည်း ခေါ်လေသည်။ ပုညကိရိယာဝတ္ထု-ဟုလ...
-
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ) အလှူမှန်သမျှတွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏ (မဟာသုတကာရီ မဃဒေ၀ လင်္ကာသစ် ဆဌမပိုင်း၂၊ နိမိရာစစရိယခန်းအပိုဒ် ၅၀၇၊ စာမ...
credit
- ယခုဘလော့ခ်ကို ဗုဒ္ဓဘာသာပြန့်ပွားစေရန် ရည်ရွယ်၍ ကျွန်တော်တို့ ဖတ်မှတ်၊စုစည်း၊သိမ်းဆည်းထားသည်များကို အများသိရှိစေရန် ပြန်လည်ဖြန့်ဝေခြင်းသာလျှင် ဖြစ်ပါသည်။
- တစ်ချို့သော စာစုများမှာ မူရင်းရေးသားသူကို မမှတ်မိတော့ပါသဖြင့် credit မပေးနိုင်တော့သည့်အတွက်
မူရင်းရေးသားသူကို ဤနေရာမှ အနူးအညွတ်တောင်းပန်အပ်ပါသည်။ - အကယ်၍ စာဖတ်သူများမှ သိရှိပါကလည်း သက်ဆိုင်ရာပို့စ်အောက်တွင်လည်းကောင်း၊
thewordsofbuddha@gmail.com သို့လည်းကောင်း အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်။ - " ပို့စ်အသစ်တင်တိုင်း gmailကိုအကြောင်းကြားစေလိုပါက" အောက်တွင် မိမိတို့၏ gmail လိပ်စာကို ဖြည့်သွင်းထားပါက ပို့စ်အသစ်တင်တိုင်း မိမိတို့၏ gmail သို့ အကြောင်းကြားပေးပါသည်။
Tuesday, September 18, 2012
အနတ္တဆိုတာ ဘာတွေလဲ၊ဘာကြောင့် ဘာဖြစ်လို့ အနတ္တမည်တာလဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment