အနာဂတံသအဘိဥာဉ်ဖြင့် မဖြစ်သေးသော အရာများကို မည်ကဲ့သို့ သိမြင်နိုင်ပါမည်နည်း၊ ဥပမာ အနာဂတံသ အဘိဥာဉ် ၏ အာရုံဖြစ်သော လူတို့၏စိတ်သည် အာရုံနှင့် ဒွါရတိုက်ဆိုင်ခြင်းဟူသော အကြောင်းတရားပေါ် လာမှ သို့မဟုတ် အတိတ် ကံ တည်းဟူသော အကြောင်းတရားများကြောင့်သာ ဖြစ်ပေါ်လာနိုင်သော တရားများ ဖြစ်သည်ဟု နားလည်မိပါသည်၊ တစုံ တယောက် အဘယ်စိတ်ဖြစ်ပြီး အဘယ်စိတ်ဖြစ်ရမည်ဟု ကြိုတင် စီစဉ်ထား ခြင်း မရှိပါဘဲလျက် စိတ်ဖြစ်ပေါ်လာရန် အကြောင်းတရားများတောင်မှ မဖြစ်သေးချိန်တွင် အနာဂါတ် တွင် ဘာတွေ ဖြစ်မည်ဟု အဘယ်ကဲ့သို့ ကြိုတင် သိမြင်နိုင် ပါမည်နည်း၊
အဘိဓမ္မာသင်တန်း ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် အောင်မြင်ပြီးသူ သင်တန်းသူတစ်ဦး၏ မေးခွန်း ဖြစ်ပါတယ်၊
အနာဂတံသအဘိဥာဉ်ဆိုတာ ဒိဗ္ဗစက္ခုအဘိဥာဉ်ရဲ့ ဆင့်ပွား branch တစ်ခုပေါ့၊ အကြောင်းတရားဆိုတာ တခု တည်း မဟုတ်ဘူး၊ အကြောင်းတရားတွေ မြောက်မြားစွာ ရှိတယ်၊ အဲဒီအထဲမှာ နောက်ထပ် အကြောင်းတရား လေးတခု ပေါင်းလိုက် လို့ရှိလျင် ဖြစ်တော့မယ့်အနေအထားတွေ ရှိတယ်၊ အဲဒီတော့ အကြောင်းတရားတွေ လုံးဝ မစုစည်းသေးဘူး ဆိုလို့ ရှိလျင်တော့ ဘာဖြစ်မယ်ဆိုတာ ကြိုတင်ပြောလို့ မရနိုင်ဘူးပေါ့၊
အခုဟာက ဖြစ်ဖို့ အနေအထား၊ အကြောင်းတရားတွေ တော်တော် ပြည့်ပြည့်စုံစုံဖြစ်နေပြီ၊ potentiality, possibility conditions ရှိနေပြီးသားမှာ နောက်ထပ် အကြောင်းတရားတခု ပေါင်းထည့်လိုက်လို့ရှိရင် ဖြစ်လာတော့မယ် ဆိုတာကို သေချာသိနေသည့်အတွက်ကြောင့် ဘာဖြစ်တော့မယ် ဆိုတာကို ကြိုတင်ပြောလို့ ရတယ်၊ အခြေအနေတွေ ဖန်တီးထားပြီး သား ရှိနေတယ်၊
ဆိုပါစို့ စေတနာတောင်မှပဲ အတ္ထသာဓိက စေတနာဆိုတာ ဒီအကြောင်းတရားတွေ လုပ်လျင် ဒီအကျိုးတရား တွေ ဧကန် လာမှာပဲလို့ သီအိုရီ ရှိနေတော့ အကျိုးတရားကို ကြိုတင် သတ်မှတ်ထားသလို ဖြစ်နေတယ်၊ အတ္ထသာဓိက စေတနာလို့ ခေါ်တယ်၊ ဒီစေတနာ ဖြစ်သည်နှင့် တပြိုင်နက် အကျိုးတရားက နောက်က ရှိနေပြီးသား၊ ပေါ်တော့ မပေါ်သေးဘူး၊ မပေါ်သေးပေမယ့်လို့ ဖြစ်မယ်ဆိုတာ လုံးဝသေချာတာ ဖြစ်သည့် အတွက်ကြောင့် အနာဂတံသအနေနဲ့ လက်ရှိပစ္စုပ္ပန်ဖြစ် ပေါ်နေတဲ့ အခြေအနေ အကြောင်းတရားတွေကို ကြည့်ပြီး အနာဂါတ်ကို ပြောလို့ ရနေတယ်၊ ထုတ်ဖော်ပြလို့ ရနေတယ်၊
သို့မဟုတ် အနာဂါတ်အတွက် အခြေအနေတွေ၊ အကြောင်းတရားတွေ conditions တွေ သူ့မှာ ပြည့်ပြည့်စုံစုံ ရှိနေပြီ၊ နောက်ထပ် condition လေးတခု ပေါင်းလိုက်တာနဲ့ တပြိုင်နက် ဒီပုဂ္ဂိုလ်ဟာ ထူးခြားတဲ့အခြေ အနေတခုကို ရသွားမယ် ဆိုတာ သေချာနေတယ်၊
ထင်ရှားတဲ့ သာဓကအနေနဲ့ ပြောရရင် ဒီပင်္ကရာမြတ်စွာဘုရားအထံမှာ သုမေဓာရသေ့ ဘုရားဖြစ်ဖို့ ဗျာဒိတ်ခံချိန်မှာ သုမေဓာရသေ့လေးရဲ့ သန္တာန်မှာ ရှိနေတဲ့ စိတ်ဆန္ဒတွေ conditions တွေ၊ ပစ္စပ္ပန်အခြေအနေ တွေဟာ မပျက်မကွက် သယ်ဆောင်သွားလိမ့်မယ်၊ ဒီအရည်အချင်းတွေဟာ လုံးဝ မပျက်မစီးပဲ ရှိလိမ့်မယ် ဆိုတာ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ ဥာဏ်တော်ထဲမှာ လုံးဝ မြင်လာတယ်၊
အဲဒီ conditions တွေကို အခြေပြုပြီးတော့ ဒီ conditions တွေရဲ့ အကျိုးအဆက် အဆက် ဖြစ်ပေါ်လာနိုင် မှုကို ဒီပင်္ကရာ မြတ်စွာဘုရား ဥာဉ်တော်မှာ လုံးဝ ထင်မြင်လာတာမို့ နောင်တချိန် လေးအသင်္ချေ နှင့် ကမ္ဘာ တသိန်းကာလ လွန်မြောက်လျင် ဂေါတမဗုဒ္ဓနာမည်ဖြင့် သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူ ဧကန်ဖြစ်လိမ့်မည် လို့ နိယတ ဗျာဒိတ် ( မချွတ်လွဲသော သေချာသော ဗျာဒိတ်စကားတော် ) ကို မိန့်ကြားတော်မူခဲ့တာ ဖြစ်ပါတယ်၊ ဒီလိုနည်းနဲ့ မဖြစ်သေးသော အနာဂါတ်ကို ကြိုတင်သိ မြင်ခြင်းဖြစ်ပါတယ်၊
မှန်ပါတယ်၊ ဂေါတမဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့သည် သုမေဓာဘ၀ဖြင့် ဗျာဒိတ်မခံယူမီ ပေါရာဏ ဒီပင်္ကရာဘုရားရှင်လက်ထက်တွင်မိန်းကလေးဘ၀ကိုရရှိခဲ့ပြီး ကမ္ဘာပေါင်း (၇) သင်္ချေနှင့် ကမ္ဘာ တသိန်းတိတိ ဘုရားဖြစ်ရန် စိတ်ဖြင့် ဆုတောင်းခဲ့ဖူးကြောင်း၊ နောက်တဖန် (၉) သင်္ချေနှင့်ကမ္ဘာတသိန်းတိတိ စိတ်ရော နှုတ်ရော ဘုရားဖြစ်ရန် ဆုတောင်းခဲ့ဖူးကြောင်း ထိုမျှ ရှည်လျားလှသော ( ၁၆) သင်္ချေနှင့် ကမ္ဘာ တသိန်းကာလအတွင်း ဘုရားအဆူပေါင်း ၅ သိန်း ၁ သောင်း ၂ ထောင်မျှ ပွင့်တော်မူခဲ့ကြောင်း၊ နောက်ဆုံး အဆင့် ဒီပင်္ကရာ ဘုရားရှင်နှင့် ဆုံတွေ့ပြီး ကိုယ်နှုတ်စိတ် သုံးပါး လုံးဖြင့် ဘုရားဆုကို ပန်ဆင်မှသာ နိယတဗျာဒိတ်စကား ကြားတော်မူခဲ့ရသည်။ ဒီထက် မကပဲ နောက်ထပ် ပါရမီဖြည့် ဆည်းနေစဉ် ကာလ အတွင်းမှာပင် ဘုရားအဆူပေါင်း ၂၈ ဆူ (နှစ်ကျိပ် ရှစ်ဆူ ) ပွင့်တော်မူသွားပြန်သည်၊
သမ္ဗဒ္ဓေဂါထာတော်လာ သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတ သဟဿာနိ၊ ဟူသော စကားသည် ( ၂၈ ဆူ၊ ၁ သောင်း ၂ ထောင်၊ ၅ သိန်းပမာဏမျှ ရှိကုန်သော ( ပါဠိစကားတွင် ဂဏန်းများကို နောက်ပြန် ရေတွက်ရသည် )
ပွင့်တော်မူပြီးကုန်သော ဘုရားရှင်တို့သည် ဂင်္ဂါမြစ်တွင်းမှ သဲမှုန်များထက် သာလွန်သော အရေအတွက် ရှိပါသော်လည်း ငါတို့ ဂေါတမဗုဒ္ဓ အလောင်းအလျာ ဆုတောင်းခဲ့သော ဘုရားရှင်တို့ကား ၅ သိန်း ၁ သောင်း ၂ ထောင် ၂ ကျိပ် ၈ ဆူ ပမာဏမျှ ရှိချေသည်၊ ထိုမျှ များပြားလှသော ဘုရားရှင်တို့၏ ဂုဏ်တော်၊ ဟောတော်မူ ခဲ့သော တရားတော်၊ တပည့် အရိယာ သံဃာတော်တို့၏ ဂုဏ်တော်တို့ကို အာရုံပြုကာ ရှိခိုးကန်တော့ပါသည် ဟု ဘုရားရှိခိုးဂါထာ စပ်ဆိုတော် မူခဲ့ကြသည်။
ထိုမျှ ရှည်လျားလှသော သံသရာဝယ် ကျင်လည်စဉ်အတွင်း သုမေဓာရသေ့လေး၏ သန္တာန်တွင် ကိန်းအောင်း နေခဲ့သော conditions တွေ မြောက်များစွာ ရှိနေခဲ့ပါပြီ၊ အတိတ်က အကြောင်းတရား ရှိနေပြီသား conditions တွေကို တွေ့တော်မူ လို့သာ ဒီပင်္ကရာ ဘုရားက ဗျာဒိတ်ပေးတော်မူနိုင်ခြင်း ဖြစ်ပါသည်။
Rf. ပါမောက္ခချုပ်ဆရာတော်ကြီး အရှင်နန္ဒမာလာဘိဝံသ၏ ဓမ္မဗျူဟာ အသင်းသားများ၏ အမေးကို ဖြေဆိုခြင်း နှင့် ယသောဓရာ ထေရီအပါဒါန် ကို မှီငြမ်းရေးသားပါသည်။
Popular Posts
-
"အထွဋ်စိန်" ဟုခေါ်သည်၊ ရွှေတိဂုံစေတီတော်ရဲ့ အမြင့်ဆုံးနေရာပါ။ အရွယ်အစားကတော့ (၇၆) ကာရက်ရှိပါတယ်။ ရင်ပြင်တော်မှ အမြင့်ပေ (၃၂၆) ပေခန့်...
-
ကျွန်တော်တို့ ဂါထာတွေရွတ်တဲ့အခါ အရှေ့ကဥုံခံပြီး ရွတ်ကြတာ တွေ့ဖူးကြမယ်ထင်ပါတယ်။တစ်ချို့ဆို ဥုံမပါ ဂါထာမဖြစ်ဆိုပြီးတောင် ပြောဆိုနေကြတာ ကြားဖူး...
-
ဒီနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့ေ...
-
ဤအခန်းတွင်ပြဆိုထားသော သမထ၀ိပဿနာရူပွားနည်းအတိုင်း ကြိုးစားအားထုတ်ပါက အားထုတ်မူနှင့်လျော်ညီစွာ သက်ဆိုင်ရာတရားထူးများကို ရရှိခံစားရမည်ဖြစ်သည်။...
-
တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထား...
-
ကမ္မဟူသော ပုဒ်သည် အပြုအမူ၊ ပြုလုပ်ခြင်း 'အလုပ်' ဟူသော အနက်ဖြစ်သည်။ ဝေဒခေတ်အခါက ကမ္မဟူသည်မှာ ယဇ်ပူဇော်မှု ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ယဇ္ပူေ...
-
အခုတစ်လော ရေပန်းစားနေတဲ့စကားလုံးကတော့ ၉၆၉ ဆိုတဲ့ ဂဏန်းသုံးလုံးပါ။ဒါကြောင့် ၉၆၉ အကြောင်းကို ဗုဒ္ဓဘာသာဝင်တွေ သိရှိစေဖို့ ရှာပြီးတင်ပေးလိုက်ပါတယ...
-
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ် နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့် ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ အရိယာ၏ ဖော်ည...
-
မမေ့မလျော့ရှိပြီး ပွားများရမည့် ကုသိုလ်တရား (၁၀)ပါး ရှိလေ၏။ ထိုကုသိုလ်တရား (၁၀)ပါးကို စာရိတ္တအကျင့်တရား-ဟုလည်း ခေါ်လေသည်။ ပုညကိရိယာဝတ္ထု-ဟုလ...
-
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ) အလှူမှန်သမျှတွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏ (မဟာသုတကာရီ မဃဒေ၀ လင်္ကာသစ် ဆဌမပိုင်း၂၊ နိမိရာစစရိယခန်းအပိုဒ် ၅၀၇၊ စာမ...
credit
- ယခုဘလော့ခ်ကို ဗုဒ္ဓဘာသာပြန့်ပွားစေရန် ရည်ရွယ်၍ ကျွန်တော်တို့ ဖတ်မှတ်၊စုစည်း၊သိမ်းဆည်းထားသည်များကို အများသိရှိစေရန် ပြန်လည်ဖြန့်ဝေခြင်းသာလျှင် ဖြစ်ပါသည်။
- တစ်ချို့သော စာစုများမှာ မူရင်းရေးသားသူကို မမှတ်မိတော့ပါသဖြင့် credit မပေးနိုင်တော့သည့်အတွက်
မူရင်းရေးသားသူကို ဤနေရာမှ အနူးအညွတ်တောင်းပန်အပ်ပါသည်။ - အကယ်၍ စာဖတ်သူများမှ သိရှိပါကလည်း သက်ဆိုင်ရာပို့စ်အောက်တွင်လည်းကောင်း၊
thewordsofbuddha@gmail.com သို့လည်းကောင်း အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်။ - " ပို့စ်အသစ်တင်တိုင်း gmailကိုအကြောင်းကြားစေလိုပါက" အောက်တွင် မိမိတို့၏ gmail လိပ်စာကို ဖြည့်သွင်းထားပါက ပို့စ်အသစ်တင်တိုင်း မိမိတို့၏ gmail သို့ အကြောင်းကြားပေးပါသည်။
Sunday, June 17, 2012
အနာဂါတ်ကို သိမြင်နိုင်ခြင်း အကြောင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment